ကံထူးရှင် ခရီးသည်မှ မြန်မာငွေကျပ် တစ်သန်းနှင့် မြန်မာငွေကျပ် တစ်သန်း တန်ဖိုးရှိ လက်ဆောင် ပစ္စည်းများကို လက်ခံရရှိခြင်း။
ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်အနေဖြင့် Air KBZ လေကြောင်းလိုင်း နှင့်အတူ ၂၀၁၈ခုနှစ်၏ နှစ်သန်းမြောက် ခရီးသည် ကို ယနေ့ ဧပြီလ ၂၀ ရက်တွင် ကြိုဆိုခဲ့ပါသည်။
ဂုဏ်ပြုကြိုဆိုခြင်း အထိမ်းအမှတ်အနေဖြင့် ကံထူးရှင်ဖြစ်သော မအေးအေးအောင်က ငွေသား ကျပ်တစ်သန်း နှင့်တကွ ကျပ်တစ်သန်း တန်ဖိုးရှိ လက်ဆောင် ပစ္စည်းများကို လက်ခံရရှိခဲ့ပါသည်။ ခရီးစဉ် တစ်ခုတည်း၌ အတူလိုက်ပါလာသော အခြား ခရီးသည်များကိုလည်း Duty Free ကူပွန်ဘောင်ချာများ ပေးဝေခဲ့ပါသည်။