ကံထူးရှင်ခရီးသည်မှ မြန်မာငွေကျပ်တစ်သန်းနှင့် မြန်မာငွေကျပ်တစ်သန်းတန်ဖိုးရှိ လက်ဆောင်ပစ္စည်းများကို လက်ခံရရှိခြင်း။
Mr. Jefferson Olivieri Costa (in light blue shirt) - the 3 millionth passenger at YIA in 2018 with the YIA and Jetstar Asia teams
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၏ ၂၀၁၈ ခုနှစ်အတွက် သုံးသန်းမြောက် ခရီးသည်ကို Jetstar Asia လေကြောင်း လိုင်းနှင့်အတူ ယနေ့ ဇွန်လ ၂၉ ရက်တွင် ကြိုဆိုခဲ့ပါသည်။
ဂုဏ်ပြုကြိုဆိုခြင်းအထိမ်းအမှတ်အနေဖြင့် ဆုကြေးငွေ ကျပ်တစ်သန်း နှင့် ကျပ်တစ်သန်းတန်ဖိုးရှိ ခရီးသွားလက် ဆောင်ပစ္စည်းများကိုပါ ကံထူးရှင်ခရီးသည်ဖြစ်သူ Mr. Jefferson Olivieri Costa အား ပေးအပ်ဂုဏ်ပြုခဲ့ပါသည်။ ခရီးစဉ်တစ်ခုတည်း၌ အတူလိုက်ပါလာသော အခြားခရီးသည်များကိုလည်း Duty-free ကူပွန်များ နှင့် Luggage tag များ ပေးဝေခဲ့ပါသည်။