ပြည်တွင်း Terminal သစ်ဖြစ်သော Terminal 3 ကို ရန်ကုန်အပြည်ပြည်ဆိုင် ရာလေဆိပ်ဖွင့်လှစ်

PRESS RELEASE BY YANGON AERODROME COMPANY LIMITED

မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်လာမည့် အနာဂတ်ကို ရည်မှန်း၍ ပြည်တွင်း Terminal အသစ်ဖြစ်သော Terminal 3 ကို ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ဖွင့်လှစ်ခဲ့ပါသည်။

 domestic-terminalt3

Download Factsheet | View Gallery

  •   အနာဂတ်ကာလတွင် တိုးတက်လာမည့် မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းကို အထောက်အကူပြုမည့် လေဆိပ်ဖွံ့ဖြိုးရေးမဟာဗျူဟာ၏ တစ်စိတ်တစ်ဒေသ အဖြစ် Terminal 3 ကို ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ဖွင့်လှစ်ခဲ့ပါ သည်။
  •   ပြည်တွင်း၊ ပြည်ပခရီးသွားလာရေးနှင့် ခရီးသည်ဝန်ဆောင်မှုများ မြှင့်တင်ရန် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်က ရည်ရွယ်ထားပါသည်။

 

ရန်ကုန် - ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ ၅ ရက်
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ပြည်တွင်း Terminal အသစ်ဖြစ်သည့် Terminal 3 ကို ဖွင့်လှစ်လိုက်ပြီး မြန်မာ့လေကြောင်းဝန်ဆောင်မှုလုပ်ငန်းစာ မျက်နှာသစ်ကို Yangon Aerodrome Company Limited (“YACL”) က စတင်ဖွင့်လှစ်လိုက်ပြီဖြစ်ပါသည်။

အနာဂတ်တွင်ဖွံ့ဖြိုးတိုးတက်လာမည့် လေကြောင်းပို့ဆောင်မှုလုပ်ငန်းအ တွက် ကြိုတင်ပြင်ဆင်မှုများပြုလုပ်လျက်ရှိသည်နှင့်အညီ Terminal 3 ကို ၁၅ လအတွင်း ဆောက်လုပ်ပြီးစီးခဲ့ပြီး ယခုနှစ် မတ်လတွင် ဖွင့်လှစ်ခဲ့သည့် အပြည် ပြည်ဆိုင်ရာ Terminal အသစ်ဖြစ်သည့် Terminal 1 ဖွင့်လှစ်ပြီး တစ်နှစ်မပြည့် သေးသည့်ကာလအတွင်းမှာပင် Terminal 3 ကို ထပ်မံဖွင့်လှစ်ခဲ့ခြင်းဖြစ်ပါ သသည်။

နိုင်ငံတွင်းသို့ အပြည်ပြည်ဆိုင်ရာခရီးသွားများဝင်ရောက်ရာ အဓိကတံခါးပေါက် ဖြစ်သော ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သည် Terminal အသစ်ဖြစ် သော T 3 ဖွင့်လှစ်လိုက်သည်နှင့်အညီ စွမ်းဆောင်ရည်များတိုးမြှင့်သွားမည် ဖြစ်ပြီး ပိုမိုကောင်းမွန်သော ဝန်ဆောင်မှုများပေးစွမ်းနိုင်ရေး ဆောင်ရွက်သွား မည်ဖြစ်ပါသည်။

မြန်မာနိုင်ငံ၏ အစည်ကားဆုံး အပြည်ပြည်ဆိုင်ရာ Terminal T 1 နှင့် ကပ်လျက်တည်ရှိသော T 3 အား ယနေ့မနက်တွင် ဖွင့်လှစ်ခဲ့ပါသည်။

 


အနာဂတ်အတွက် အဆင်သင့်ဖြစ်နေသည့် မြန်မာ့လေကြောင်းလုပ်ငန်း

လတ်တလောဖော်ဆောင်ခဲ့သည့် စီးပွားရေးအသွင်ပြောင်းမှုများနှင့် ဆက်လက် ဖွံ့ဖြိုးတိုးတက်နေမှုများဖြစ်ပေါ်နေသည်နှင့်အညီ လွန်ခဲ့သည့် ငါးနှစ်အတွင်း ခရီးသည်ဦးရေ သုံးဆခန့်မြင့်တက်လာခဲ့ပါသည်။ Terminal 3 သည် လျင်မြန် စွာတိုးတက်လျက်ရှိသော လေကြောင်းပို့ဆောင်ရေးဝန်ဆောင်မှုလုပ်ငန်းများ ကို အထောက်အကူဖြစ်စေမည်ဖြစ်ပါသည်။

အပြည်ပြည်ဆိုင်ရာ Terminal ဖြစ်သော Terminal 1 ကို တည်ဆောက်ရာမှ တစ်ဆင့် ပြည်တွင်းပညာရှင်များသည် ပြည်ပနည်းပညာဗဟုသုတများ သင်ယူရရှိခဲ့ပြီး Terminal 3 တည်ဆောက်ရာတွင် လက်တွေ့အသုံးချနိုင်ခဲ့ပါ သည်။ Terminal 3 တည်ဆောက်ရာတွင် နိုင်ငံတကာစံချိန်စံညွှန်းများနှင့်အညီ တည်ဆောက်ထားပြီး လုပ်သားအင်အား ၉၀% မှာ ပြည်တွင်းပညာရှင်များ ဖြစ်ပါသည်။

ယခုအခါ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၏ စုစုပေါင်းလုပ်သားအင်အား သည် ၂၀ဝ၀ နီးပါးရှိနေပြီဖြစ်ပါသည်။ ဤလုပ်သားအင်အားထုသည် ထက်မြက်သော ပြည်တွင်း ပညာရှင်များပေါ်ထွန်းလာရေး နှင့် လေကြောင်းလုပ် ငန်းဆိုင်ရာ ဗဟုသုတများဖြန့်ဝေရေး ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

ပြည်တွင်းခရီးစဉ်များအတွက် ရည်ရွယ်တည်ဆောက်ထားသော Terminal 3 သည် မြန်မာနိုင်ငံအတွင်းရှိအခြားသော ဒေသများအတွက်လည်း ပြည်တွင်း Terminal များတွင်ရင်းနှီးမြှုပ်နှံမှုများ၊ လမ်းအစရှိသည့် အခြေခံအဆောက်အဦ များနှင့် ခရီးသွားလုပ်ငန်းဝန်ဆောင်မှုများ တိုးတက်လာစေကာ မြန်မာနိုင်ငံတစ် ဝှမ်းလုံး စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုများလည်း ရှိလာနိုင်မည်ဖြစ်ပါသည်။


ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၏ လေဆိပ်ဖွံ့ဖြိုးတိုးတက်ရေးမဟာအစီ အစဉ်၏ အရေးပါသော မှတ်တိုင်သစ်စိုက်ထူခြင်း

စီးပွားရေးအသွင်ပြောင်းမှုများသည် နိုင်ငံတွင်းလေကြောင်းပို့ဆောင်ရေးဝန် ဆောင်မှုလုပ်ငန်းများကို အရှိန်မြှင့်တင်ပေးနိုင်ပြီး ရန်ကုန်အပြည်ပြည်ဆိုင်ရာ အနေဖြင့်လည်း ၂၀၁၃ ခုနှစ်ကတည်းက ရေးဆွဲထားသော လေဆိပ်ဖွံ့ဖြိုးရေး မဟာအစီအစဉ်ကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။ Terminal 3 ဖွင့်လှစ်ခြင်းသည် မဟာအစီအစဉ်၏ မှတ်တိုင်သစ် စိုက်ထူနိုင်လိုက်ခြင်းဖြစ်ပြီး နှစ်စဉ် ပြည်တွင်း၊ ပြည်ပ ခရီးသည်ပေါင်း သန်း ၂၀ အထိ ဝန်ဆောင်မှုပေးနိုင်တော့မည်ဖြစ်ပါသည်။ ဤကဲ့သို့ ဖွံ့ဖြိုးတိုးတက်မှုသည် မြန်မာနိုင်ငံအနေဖြင့် တိုးတက်လာမည့် ခရီးသွားအရေအတွက်နှင့်အညီ အရည်အသွေးပြည့်ဝသော ဝန်ဆောင်မှုပေးနိုင်ရေးနှင့် ခရီးစဉ်များအား ကောင်းမွန်စွာဆက်သွယ်ပေးနိုင်ရေး ကြိုးပမ်းဆောင်ရွက်နေကြောင်း သက်သေထူနေခြင်းပင်ဖြစ်ပါသည်။

နိုင်ငံတကာစံချိန်စံညွှန်းများနှင့်အညီ ဒီဇိုင်းရေးဆွဲတည်ဆောက်ကာ ဝန်ဆောင် မှုပေးလျက်ရှိသော Terminal 3 သည် စားသောက်ဆိုင်များ၊ retail ဆိုင်များ၊ business lounge များ၊ baggage handling နှင့် လုံခြုံရေးစနစ်များထားရှိသွား မည်ဖြစ်ပြီး အပြည်ပြည်ဆိုင်ရာလေဆိပ်အဆောက်အဦများနှင့် ညီမျှသော ဝန်ဆောင်မှုများပေးသွားမည်ဖြစ်ပါသည်။


ပြည်တွင်းခရီးစဉ် ၂၆ ခုအား ဆက်သွယ်ပေးခြင်း

ရန်ကုန်မြို့မှတစ်ဆင့် ခရီးသွားလာကြသော ခရီးသွားများ များပြားလာသည့် အားလျော်စွာ T 3 သည် ပြည်တွင်းလေကြောင်းလိုင်း ၁၀ ခုမှ ပျံသန်းပြေးဆွဲပေး နေသော ပြည်တွင်းခရီးစဉ် ၂၆ ခုအား ဆက်သွယ်ပေးရာတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်နေပါသည်။

ပျမ်းမျှအကျယ်အဝန်း ၄၄၀ဝ၀ စတုရန်းမီတာရှိသော T 3 တွင် check-in counter ၃၈ ခု၊ aerobridge ၄ ခု၊ remote gate ၂ ခုရှိပြီး ပြည်တွင်းခရီးသွား များအား နာမည်ကြီးတံဆိပ်အရောင်းဆိုင်များ၊ စားသောက်ဆိုင်ခန်းများနှင့် အတူ နိုင်ငံတကာအဆင့်ဝန်ဆောင်မှုများပေးသွားမည်ဖြစ်ပါသည်။


၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ ၉ ရက်မှ စတင်ဝန်ဆောင်မှုပေးနေခြင်း

T 3 သည် ခရီးသည်များအားဝန်ဆောင်မှုပေးရန်အဆင်သင့်ဖြစ်နေပြီး ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ ၉ ရက်မှ စတင်၍ ပြည်တွင်းလေကြောင်းလိုင်းများမှ ခရီးစဉ် များစတင်ပြေးဆွဲနေပြီဖြစ်ပါသည်။


YACL Management Said Of The Opening Of T3:

Terminal 3 တည်ဆောက်ပြီးစီးသွားခြင်းနဲ့အတူ ခရီးသည်အရေအတွက်တိုး တက်လာနိုင်ခြေအများကြီးရှိနေတဲ့ မြန်မာ့လေကြောင်းပို့ဆောင်ရေးဝန်ဆောင် မှုနယ်ပယ်မှာ ကျွန်တော်တို့အနေနဲ့ အရေးပါတဲ့ကဏ္ဍကနေဆက်လက်ပါဝင်နေ မှာပါ။ ကျွန်တော်တို့ရဲ့ terminal ဟာ ခရီးသည်အများအပြားကို ဝန်ဆောင် မှုပေးနိုင်ပြီး စံချိ်န်မီဝန်ဆောင်မှုများကိုလည်းပေးစွမ်းကာ မြန်မာနိုင်ငံတွင်းဒေ သများကို ဆက်သွယ်ပေးသွားမှာဖြစ်ပါတယ်ဟု YACL Management မှ ပြောကြားခဲ့ပါသည်။

ထပ်မံသိရှိလိုပါက Media Fact Sheet တွင် လေ့လာကြည့်ရှုနိုင်ပါသည်။


Yangon Aerodrome Company Limited အကြောင်း

Yangon Aerodrome Company Limited (“YACL”) သည် မြန်မာနိုင်ငံသို့ အဓိကဝင်ပေါက်ဖြစ်သည့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်အား စီမံခန့်ခွဲ ဝန်ဆောင်မှုပေးလျက်ရှိပါသည်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သည် ကမ္ဘာ့လူဦးရေ၏ သုံးပုံနှစ်ပုံနေထိုင် ရာ အိန္ဒိယနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံကြားတွင် မဟာဗျူဟာမြောက်စွာ တည်ရှိနေပြီး တိုကျို၊ ဒူဘိုင်း၊ စင်္ကာပူ၊ ဘေကျင်းနှင့် နယူးဒေလီအစရှိသော မြို့ကြီးများနှင့်လည်း ၆နာရီကြာပျံသန်းချိန်အကွာအဝေးအတွင်း၌သာ တည်ရှိ နေပါသည်။ စတင်ပြေးဆွဲရန်စီစဉ်လျက်ရှိသော လေကြောင်းလိုင်း ၂ လိုင်းအပါ အဝင် အပြည်ပြည်ဆိုင်ရာလေကြောင်းလိုင်း ၃၀ လိုင်းနှင့် အပြည်ပြည်ဆိုင်ရာ ခရီးစဉ် ၂၂ ခုကို ဝန်ဆောင်မှုပေးလျက်ရှိကာ ပြည်တွင်းလေကြောင်းလိုင်း ၁၀ လိုင်းနှင့် ပြည်တွင်းခရီးစဉ် ၂၆ ခုကိုလည်း ဝန်ဆောင်မှုပေးလျက်ရှိပါသည်။ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သည် မြန်မာနိုင်ငံ၏ အကြီးမားဆုံးနှင့် အစည်ကားဆုံးလေဆိပ်ဖြစ်ကာ ၂၀၁၅ ခုနှစ်တွင် ခရီးသည်ပေါင်း ၄.၆၈ သန်းကို ဝန်ဆောင်မှုပေးခဲ့ပါသည်။

လွန်ခဲ့သောနှစ်အနည်းငယ်အတွင်းတွင် မြန်မာနိုင်ငံသို့ အလည်အပတ်လာ ရောက်သောခရီးသွားဦးရေများစွာတိုးတက်လျက်ရှိပါသည်။ နိုင်ငံ၏ ခရီးသွား လုပ်ငန်း ရေရှည်တိုးတက်စေရေးမျှော်မှန်းချက်နှင့်အညီ ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်အနေဖြင့် ခရီးသည်များနှင့် လေကြောင်းလိုင်းများအတွက် အရည်အသွေးပြည့်ဝသော ဝန်ဆောင်မှုများပေးနိုင်ရန် မျှော်မှန်းတည်ဆောက် ထားခြင်းဖြစ်ပါသည်။ ထပ်မံသိရှိလိုပါက www.yangonairport.aero သို့ ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။